Monday, July 30, 2007


ဆရာမ ခင်ဝင်းသစ်၏ ကဗျာ

အဖြေလွှာ

ကံ…စိတ်… ဥတု … အဟာရ
ဘ၀တခုကို ပြုပြင်ရန်ရှိသည်၊

၁။
ကောင်းမှုကံ…
မကောင်းမှုကံ…
ဤနှစ်ခုသည်
အတိတ်ဆီမှလာ
…“စေတနာသည် ကံဖြစ်၏…”တဲ့
တွက်စစ်သူအဆွေ….
သင့်အဖြေကရော…။

၂။
“စိတ်”တဲ့
တိတ်တဆိတ်စစ်ဆေး
ရင်လေးဖွယ်
လမ်းနှစ်သွယ်သာရှိ
ကွက်တိအဖြေဟာ
နှလုံးသားရဲ့ တနေရာမှာ
ရှိပါလိမ့်မယ်…။

၃။
ချမ်းအေးပူအိုက်
ရာသီနှင့်အထိုက်အလျောက်
ထိုးဖေါက်မှုဟာလည်း
ထူထဲသော…၊ ပါးလျသော…
အရေပြားရဲ့ သဘောလား
ခံစားမှုသဘောလား
စဉ်းစားမိကြပါစ…။

၎။
အာဟာရ…
လျှာထဲကလား၊ လျှာပေါ်ကလား။
အခြေအနေကလား…၊ အသွေးအသားကလား
စဉ်းစားတတ်ဖို့လို၏။

၅။
အလှတရား…
ဘ၀မခြားမီ၊ ပွါးစည်းယူဆောင်
နှလုံးသားဘောင်ထဲမှာ
အာဟာရ,ဥတု

ကံ၊ စိတ်နှင့်တူ
”...ဘယ်သူမပြု မိမိမှု...”တဲ့
သည်တခုနှင့် ရင်းနှီး
၆။
ဘ၀တခုကို
ပြုပြင်ရန်ရှိသည်။ ။


၁၉၈၇၊ အောက်တိုဘာ၊ ရုပ်ရှင်အောင်လံမဂ္ဂဇင်း